International News

တရုတ်နိုင်ငံမှ နို့ထွက်ပစ္စည်းထုတ်လုပ်သူ Maiquer အစားအသောက် တာရှည်ခံဖြည့်စွက်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုအတွက် ယွမ် ၇၃.၁၅ သန်း ဒဏ်ရိုက်ခံရ

Last Updated:

တရုတ်နိုင်ငံမှ နို့ထုတ်လုပ်သူ Maiquer သည် အစားအသောက်တာရှည်ခံ ဖြည့်စွက်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုအတွက် ဒေသတွင်း စျေးကွက် ကြီးကြပ်ရေးစောင့်ကြည့်ရေးအဖွဲ့မှ ယွမ် ၇၃.၁၅ သန်း (ဒေါ်လာ ၁၀.၇၃ သန်း) ဒဏ်ရိုက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု Changji ဒေသတွင် ကုမ္ပဏီတည်ရှိကြောင်း၊ ယင်းဒေသ၏ စျေးကွက်ကြီး ကြပ်ရေးဗျူရိုက နို့ထွက်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီ၏ အချို့သောနို့များတွင် ပရိုပိုင်လင်းဂလိုင်ကောလ် propylene glycol ပါ၀င်သောကြောင့်  အရည်အသွေးမပြည့်မီသော ထုတ်ကုန်ဖြစ်စေကြောင်း ဖေါ်ပြထားပါသည်။

အစိုးရက အရည်အချင်းမပြည့်မီသော နို့များနှင့်အတူ Maiquer ၏ တရားမ၀င်ငွေ စုစုပေါင်း ၃၆၀,၁၅၄ ယွမ်အား သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ပြီး ကုမ္ပဏီအား ဒဏ်ငွေယွမ် ၇၃.၁၅ သန်းချမှတ်ခဲ့ကြောင်း၊ Maiquer နို့နှစ်သုတ်တွင် propylene glycol ပမာဏ အလွန်အကျွံပါဝင်ကြောင်း Zhejiang မှ တာဝန်ရှိသူများက ဇူလိုင်လတွင် အတည်ပြုပြီးနောက် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဏာမစုံစမ်းစစ်ဆေးမှုနှင့် ခွဲခြမ်းစိတ်ဖြာမှု တစ်ခုအရ Maiquer ၏ သန့်စင်သောနို့တွင် propylene glycol ကိုရှာဖွေတွေ့ရှိမှုသည် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် အစားအသောက် တာရှည်ခံ ဖြည့်စွက်ပစ္စည်းများနှင့် အနံ့အရသာများ လွန်ကဲစွာအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာကြောင်း ပြသခဲ့ကြောင်း၊ ၃-၇-၂၀၂၂ ရက်နေ့တွင် ရှင်ကျန်း ဈေးကွက်ကြီးကြပ်ရေးဌာနမှ အစားအသောက်ဓာတုပစ္စည်းများ တရားမဝင်အသုံးပြုမှုအတွက် Maiquer ၏ထုတ်လုပ်မှုဖြစ်စဉ်များ ပို့ဆောင်ရေးနှင့် အရောင်းအဆင့်များကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ရာ ကုမ္ပဏီသည် ဇူလိုင်လ ၃ ရက်တွင် နို့သန့်ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း၊ ထို့နောက် ပြုပြင်မှုများပြီးမြောက်ခဲ့ပြီး ကုမ္ပဏီမှ နို့ထုတ်လုပ်မှုကို ဖြည်းဖြည်းချင်း ပြန်လည်လုပ်ဆောင်နေပြီး သက်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီပါက ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း၊ နို့ထွက်ပစ္စည်းများသည် Maiquer ၏ ၀င်ငွေ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း စာရင်းဇယားများ အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)
ရင်းမြစ် www.globaltimes.cn/page/202208/1273621.shtml

 

 

Category: International News